ခေတ်မြင်ကွင်း

အပိုင်း (၁၀) – လူငယ်များအတွက် မနက်ဖြန်

အပိုင်း (၉) – လူငယ်နှင့် သတင်း

အပိုင်း (၈) – အရပ်ဖက်လူ့အဖွဲ့အစည်းထဲက လူငယ်များ

အပိုင်း (၇) – လူငယ်များနှင့် လူထုအခြေပြုလှုပ်ရှားမှု

အပိုင်း (၆) – လူငယ်များ မဲပေးခြင်းအတွေ့အကြုံ

အပိုင်း (၅) – မဲပေးခြင်းနှင့် မြန်မာ့ဒီမိုကရေစီ

ရွေးကောက်ပွဲတွေကို ပုံမှန်ကျင်းပခြင်းဆိုတာ ဒီမိုကရေစီစနစ်ရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်လက်အောက်ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ နိုင်ငံသားတွေဟာ သူတို့ရဲ့ မဲပေးရွေးချယ်ခွင့်ကို ၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကစပြီး ကျင့်သုံးခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းလောက်မှာတော့ ရွေးကောက်ပွဲမှာ မဲမထည့်ဘဲ ဆန့်ကျင်ကြဖို့ ဆွေးနွေးချက်တွေကို မီဒီယာတွေကြားမှာရော၊ ပြည်သူတွေကြားမှာပါ ကျယ်ကျယ်ပြန့်ပြန့် ကြားခဲ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ဒီမိုကရေစီစနစ်နဲ့၊ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံအတွက် ရွေးကောက်ပွဲရဲ့ အရေးပါမှုကို မေနဒီနဲ့ သိင်္ဂီတို့က နိုင်ငံရေးသိပ္ပံပညာရှင် ကိုဇော်အောင်နဲ့အတူ ဆွေးနွေးသွားမှာဖြစ်ပါတယ်။


အပိုင်း (၄) – အမျိုးသမီးများနှင့် နိုင်ငံရေး

ဒီမိုကရေစီစနစ်မှာ အားလုံးပါဝင်ရေးအတွက် နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှုက အထူးအရေးကြီးပါတယ်။ မြန်မာ့လွှတ်တော်အရပ်ရပ်မှာ အမျိုးသမီးပါဝင်မှုနှုန်းက တိုးတက်လာတယ်ဆိုပေမယ့် စိတ်ကျေနပ်ရလောက်တဲ့အတိုင်းအတာထိတော့ မရှိသေးပါဘူး။ ဒီနေ့အပိုင်းသစ်မှာတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း မရွှေရည်လင်းထင်နဲ့ ကျား၊မရေးရာကျွမ်းကျင်သူအဖြစ် နိုင်ငံတကာအဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်နေသူ မဇာဇာထွန်းတို့ကို ဖိတ်ခေါ်ပြီး အမျိုးသမီးများနဲ့နိုင်ငံရေးမှာပါဝင်မှု၊ အမျိုးသမီးနိုင်ငံရေးသမားများ ပိုမိုပါဝင်လာခြင်းဖြင့် လူ့အဖွဲ့အစည်းအတွက် ဖော်ဆောင်နိုင်တဲ့ ပြောင်းလဲမှုတွေ၊ အမျိုးသမီးနိုင်ငံရေးသမားတွေ ရင်ဆိုင်ရတဲ့အခက်အခဲတွေအကြောင်းကို ဆွေးနွေးထားပါတယ်။


အပိုင်း (၃) – လူငယ်နှင့်လွှတ်တော်နိုင်ငံရေး

လက်ရှိ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူငယ်တွေ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ဖို့ဆိုရင် ပြည်သူ့လွှတ်တော်မှာ ပါဝင်ဖို့အတွက် အနည်းဆုံး အသက် ၂၅ နှစ်၊ အမျိုးသားလွှတ်တော်မှာ ပါဝင်ဖို့အတွက် အနည်းဆုံး အသက် ၃၀ ပြည့်ပြီးဖို့ လိုအပ်ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ယှဥ်ကြည့်ရင် လက်ရှိ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လူငယ်ကိုယ်စားလှယ်လောင်း တော်တော်များများ ဝင်ရောက်ယှဥ်ပြိုင်နေတာကို တွေ့ရမှာပါ။ ဒေါက်တာဟိန်းပိုင်ထူးချစ်က ဒီနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် လူငယ်ကိုယ်စားလှယ်လောင်း များစွာထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူက မွန်ညီညွတ်ရေးပါတီကို ကိုယ်စားပြုပြီး မွန်ပြည်နယ်လွှတ်တော်၊ မော်လမြိုင် မဲဆန္ဒနယ် ၂ မှာ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ သိင်္ဂီနဲ့ မေနဒီတို့က ဒေါက်တာဟိန်းပိုင်ကို ဖိတ်ခေါ်ပြီး လူငယ်နိုင်ငံရေးသမားအဖြစ် လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပုံ၊ လူငယ်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေအပါအဝင် လူငယ်တွေ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ပြီး ဘယ်လို အပြောင်းအလဲတွေ ဖော်ဆောင်နိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။


အပိုင်း (၂) – ကပ်ဘေးထဲက ရွေးကောက်ပွဲ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ တစ်လတောင်မလိုတော့ဘူးနော်။ ၂၀၂၀ နှစ်လယ်ပိုင်းလောက်တုန်းကတော့ နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲနဲ့ မဲဆွယ်စည်းရုံးရေးကာလအတွက် ပြင်ဆင်နေကြသလို၊​ ပြည်သူတွေကလည်း မဲထည့်ဖို့ စိတ်လှုပ်ရှားနေခဲ့ကြတာပါ။ ကံမကောင်းစွာနဲ့ဘဲ သြဂုတ်လလယ်ကစပြီး မြန်မာနိုင်ငံဟာ ကိုဗစ်ဒုတိယလှိုင်းကို ရင်ဆိုင်နေရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အစီအစဥ်မရှိတော့ နိုင်ငံရေးပါတီတွေအတွက် ဘယ်လိုဖြစ်လာမှာလဲ၊ ပြည်သူတွေကရော ဆန္ဒမဲတွေ ဘယ်လို ထည့်ကြရမလဲ? ဒီတစ်ပတ် ခေတ်မြင်ကွင်းအစီအစဥ်မှာ မေနဒီနဲ့ သိင်္ဂီတို့က ကပ်ဘေးထဲမှာ ရွေးကောက်ပွဲတွေ ဘယ်လိုကျင်းပကြသလဲ၊ ပြည်သူတွေရော ဘယ်လို မဲထည့်နိုင်သလဲဆိုတာကို နိုင်ငံတကာဥပမာတွေကို ကြည့်ပြီး ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။


အပိုင်း (၁) – လူငယ်များနှင့် ဒီမိုကရေစီ

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Mohinga Matters အဖွဲ့သားတွေက အသက် ၁၈ ကနေ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ်အယောက် ၅၀ ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ လူငယ်တွေရဲ့ ဒီမိုကရေစီစနစ်နဲ့ မြန်မာ့ဒီမိုကရေစီကို နားလည်တဲ့အတိုင်းအတာကို ဆန်းစစ်ဖို့ စစ်တမ်းမေးခွန်းတွေမှာ မေးမြန်ထားတာပါ။ မြန်မာ့ဒီမိုကရေစီ ပိုမိုကောင်းမွန်လာဖို့ ဘယ်လိုအပြောင်းအလဲတွေကို ဆောင်ရွက်သင့်သလဲဆိုတဲ့ မေးခွန်းကိုလည်း လူငယ်တွေကို မေးမြန်းကြည့်ထားပါတယ်။ ခေတ်မြင်ကွင်းရဲ့ ပထမဦးဆုံးအပိုင်းမှာ ဒီစစ်တမ်းထဲက စိတ်ဝင်စားဖွယ်ကောင်းတဲ့ တွေ့ရှိချက်တွေကို တင်ဆက်သူ နှစ်ယောက်ဖြစ်တဲ့ သိင်္ဂီနဲ့ မေနဒီတို့က ဆွေးနွေးသွားမှာပါ။