ကျဘမ်းခေတ်စာ – ကမ္ဘာသစ်ရဲ့ ခေါ်သံ

ဒီနေ့မနက် အိပ်ရာကနိုးတော့ ပထမဦးဆုံး ကျွန်မသတိထားမိတာက ပြတင်းပေါက်တည့်တည့်ကနေမြင်ရတဲ့ ကျယ်ပြောလှပလွန်းတဲ့ ကောင်းကင်ပြာပြာကြီးရယ်ပါ။ ခေါင်းရင်းဘက်ပြတင်းပေါက်နားက သစ်ပင်မှာလည်း တံထျာကျူးရင့်နေတဲ့ ဘုတ်ဖင်နီငှက်ကလေးတွေရဲ့ တေးသံက နား၀င်ချိုလိုက်တာလို့ တွေးရင်း အိပ်ရာကနေ ကုန်းရုန်းထလိုက်ပါတယ်။ ဒီလိုနေ့မျိုးတွေနဲ့ လှပတဲ့ သဘာ၀တရားကြီးကို အမြဲ ခံစားခွင့်ရရင်သိပ်ကောင်းမှာပဲလို့ ကျွန်မတွေးမိပြန်ပါတယ်။ ဒါပေမယ့်လည်း သက်ပြင်းသာချမိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအတောအတွင်း ဖတ်သမျှမှတ်သမျှစာတွေ၊ ဆောင်းပါးတွေကပေးတဲ့ အသိက ဆန့်ကျင်ဖက် ဖြစ်နေလို့ပါ။ အခုရက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး အပြင်မထွက်ရ၊ လူမစုရ ဘာညာမလုပ်ရတဲ့ စည်းကမ်းတွေကြောင့် အိမ်မှာ ပိတ်မိနေတဲ့ အချိန်အများစုမှာ ကျွန်မ လက်လှမ်းမှီသမျှ စာတွေ၊ ဆောင်းပါးတွေ ကောက်ဖတ်မိပါတယ်။ ဒီဖတ်ရမှတ်ရတဲ့အထဲမှာမှ စာရေးသူတို့၊ သုံးသပ်သူတို့ ထပ်ခါတလဲလဲသုံးတဲ့ ဝေါဟာရက ဒီကပ်ဆိုးကြီးပြီးရင် ဘယ်အရာက ပုံမှန် မူ၊စနစ်အသစ်/ပုံစံအသစ် (New … Continue reading ကျဘမ်းခေတ်စာ – ကမ္ဘာသစ်ရဲ့ ခေါ်သံ